Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့၊ နေ့လယ် (၃း၃၀)နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် ဘောလုံးအားကစားကွင်း၌ ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။  ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း က အားကစားပြိုင်ပွဲ အဖွင့်အမှာစကား ပြောကြားပြီး နောက် ပြိုင်ပွဲဝင် အားကစားကျောင်းသား/သူများက အားကစားအဓိဋ္ဌာန် ရွတ်ဆိုကြပါသည်။ ယင်းအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊  ပါမောက္ခ/ဌာနမှူးများ၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ဦးသာဝင်း၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး၊ ဒေါ်မိုးသီတာဝင်း၊ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ၊ စက်ရုံမှူး ဦးသန်းထွန်းအောင်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ဆရာ/မများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြပါသည်။ ကျောင်းသားအားကစားပြိုင်ပွဲတွင် ဘောလုံး(ကျား/မ)၊ ပြေးခုန်ပစ်(သံလုံး/သံပြား)၊ လွန်ဆွဲပွဲ နှင့် မုန့်စား၊ ခြေထောက်ကြိုးချည်အားကစား ‌စသော ကစားနည်း(၅)မျိုးဖြင့် (၂၃-၇-၂၀၂၅) ရက်နေ့မှ (၃၀-၇-၂၀၂၅) ရက်နေ့ထိ ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ပါသည်။ 

#HMK

 

၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့၊ နေ့လယ် (၁း၃၀)နာရီ တွင် ဧကရာဇ်ခန်းမ၊ တိုင်းရင်းဆေးဝါးစက်ရုံဝန်းအတွင်း၌ ''(၄၆)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား''ကို ကျင်းပပြုလုပ်ခဲ့ပါသည်။  ယင်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊  ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ၊ ဦးတင်ဝင်းနိုင်၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ဦးသာဝင်း၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး၊ ဒေါ်မိုးသီတာဝင်း၊ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ၊ စက်ရုံမှူး ဦးသန်းထွန်းအောင်၊ ခရိုင်/မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ခရိုင်/မြို့နယ်မှူးများ၊ တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးတက္ကသိုလ် မော်ကွန်းထိန်း ဦးမြင့်အေး၊ ဆရာ/မများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများ က မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက် မှ ဆရာတော် ဘဒ္ဒန္တဣဒ္ဓိကာဘိဝိံသ အမှူးပြုသော ဆရာတော်သံဃာတော်(၁၀) ပါး အား ဝါဆိုသင်္ကန်းများ ပူဇော်ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။  ဆက်လက်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိတ္တု (၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 

#HMK

၂၀၂၅ ခုနှစ် ဇွန် လ (၁၉) ရက်နေ့ နံနက် (၈း၃၀)အချိန် တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၊ ကျင်းပပြုလုပ်သော Workshop on Basic Educational Science (2025) ဖွင့်ပွဲ အခမ်းအနားကို တိုင်းရင်းဆေးဝါးထုတ်လုပ် ရေးလုပ်ငန်း စက်ရုံ၊ ဧကရာဇ် ခန်းမတွင် ကျင်းပခဲ့ပါသည်။
ယင်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ ဌေးလွင်၊ တိုင်းရင်းဆေးတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဆေးတက္ကသိုလ် မန္တလေးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဥမ္မာမြင့်သိန်း၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်ကြီး၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစက်ရုံ၊ စက်ရုံမှူး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဦးသာဝင်း နှင့် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းသား/သူ(၃၀)ဦး နှင့် obsever (20)ဦး တို့တက်ရောက်ခဲ့ကြပါသည်။
Workshop on Basic Educational Science (2025) အခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့ထိ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ (၁၅)ကြိမ်၊ (၁၆)ကြိမ်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ(၂၁)ရက်နေ့         နံနက်(၉:၀၀)နာရီ အချိန်၌ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပါသည်။

    မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့၊ မြန်မာ့ တိုင်းရင်းဆေးပညာဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေး အဖွဲ့က ကြေညာခြင်းခံရသူများအား တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဘွဲ့များအပ်နှင်းခဲ့ပါသည်။ 

(၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ M.M.T.M (Master of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၁၀) ဦး၊ မြန့်မာတိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်) B.M.T.M (Bachelor of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၆၄) ဦးနဲ့ မြန်မာ့တိုင်းရင်းဆေး ပညာ (ပေါင်းကူး) သင်တန်းမှ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M (Bachelor of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၂၃) ဦး၊ (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မြန်မာ့တိုင်းရင်းဆေး ပညာမဟာဘွဲ့ M.M.T.M ဘွဲ့ရရှိသူ (၁၃) ဦး၊ မြန့်မာတိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်) B.M.T.M ဘွဲ့ရရှိသူ (၁၃) ဦးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ (ပေါင်းကူး) သင်တန်းမှ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ BMTM ဘွဲ့ရရှိသူ (၂၄) ဦး၊ (၁၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ M.M.T.M ဘွဲ့ရရှိသူ (၂၇) ဦး၊ မြန့်မာတိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်) B.M.T.M ဘွဲ့ရရှိသူ (၃၀) ဦးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ (ပေါင်းကူး) သင်တန်းမှ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M ဘွဲ့ရရှိသူ (၈) ဦး၊  (၃) ကြိမ်ပေါင်း စုစုပေါင်း (၂၁၂) ဦးတို့အား ဘွဲ့အပ်နှင်း ချီးမြှင့် ပေးအပ်ခဲ့ပါသည်။

   ယခုဘွဲ့နှင်းသဘင် အပါအဝင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမှ မွေးထုတ်ပေးလိုက်‌သည့် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ တိုင်းရင်းဆေးပညာရှင်ပေါင်း (၁၈၁၀) ဦးရှိခဲ့ပြီး၊ မြန်မာ့ တိုင်းရင်းဆေးပညာမဟာဘွဲ့ (၁၂၇)ဦးတို့ကို အောင်မြင်စွာ လေ့ကျင့်ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၏ (၁၅)ကြိမ်မြောက်၊ (၁၆) ကြိမ်မြောက်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားကို ၂၀၂၅ခုနှစ်၊ မတ်လ (၂၀)ရက်၊ ကြာသပတေးနေ့၊ နံနက် (၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  1. "ရုံးလုပ်ငန်း အသုံးချကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနား"
  2. 'CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  3. “ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း”
  4. "11/2024 Traditional Medicine, Medical Year I မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ"
  5. "CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  6. " တတိယနှစ် ကျောင်းသား/သူများ ဆေးဖက်ဝင်ဆေးပင်များ လေ့လာရှာဖွေခြင်း"
  7. "ပါရဂူဘွဲ့သင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း”
  8. ''အလုပ်သင်ဆရာ၊ဆရာမများ ဘွဲ့ကြိုသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပခြင်း"
  9. “တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ အခမ်အနားကျင်းပ”
  10. “9th Ayurveda Day အခမ်းအနားကျင်းပခြင်း”
  11. ''Accreditation and Certification ကဏ္ဍ၏ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း''
  12. ''CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  13. “မောင်/မယ် သစ်လွင်ကြိုဆိုပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ’’
  14. ''တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် အလုပ်သင်တာဝန်ပေးအပ်ပွဲကျင်းပခြင်း''
  15. "တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား"
  16. တိုင်းရင်းဆေးတက္ကသိုလ်ကွင်းဆင်းဆေးကုခြင်းနှင့် သုတေသနစစ်တမ်းကောက်ခြင်း
  17. ''မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း စက်ရုံ(GMP)သို့ သွား‌ရောက်လေ့လာခြင်း''
  18. ‘’ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သို့ ဆေးဖက်ဝင်ဆေးပင်များ သွားရောက်လေ့လာခြင်း’’
  19. တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ
  20. ''ပညာသင်ထောက်ပံ့အလှူငွေပေးအပ်ပွဲ အခမ်းအနား''

 

Visitors

Today 22

Yesterday 187

Week 554

Month 4687

All 137345

Currently are 28 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.