မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ် ဧကရာဇ်ခန်းမတွင် ၂၀၂၆ ခု ၊ ဇွန် ၁၈ ရက် နံနက် ၈ နာရီခွဲက သုတေသနဌာနနှင့် ဆေးပညာသင်ကြားရေးယူနစ် (MEU) တို့ ကြီးမှူးကျင်းပသော Workshop on Biostatistics (2026) ဇီဝဆေးပညာဆိုင်ရာ စာရင်းအင်း အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၆) အား ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း နှင့် ဒုတိယပါမောက္ခချုပ်များ ၊ ပါမောက္ခ/ဌာနမှူးများ ၊ သုတေသနမှူး နှင့် သင်တန်းသား/သူ (၃၀)ဦး တို့တက်ရောက်ပြီး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း က အဖွင့်အမှာစကား ပြောကြားပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန် လ ၁၉ ရက်နေ့တွင် ဆက်လက်ကျင်းပရာ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း သဘာပတိအဖြစ်ဆောင်ရွက်ပေးပါသော ဆရာကြီးများ၊ သင်တန်းဆရာများ၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို (၁၈-၆-၂၀၂၆) ရက်မှ (၁၉-၆-၂၀၂၆) ရက်နေ့ထိ (၂)ရက်တိုင်ကျင်းပခဲ့ပါသည်။ #HMK
- Hits: 3





