Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၀-၉-၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ သုံးတောင်ကျေးရွာ၊ ကျောက်ဖျာဒိုးကျေးရွာ၊ ကျင်ဂနိုင် ကျေးရွာများသို့ တိုင်းရင်းဆေးတက္ကသိုလ်၊စတုတ္ထနှစ်ကျောင်းသား/သူများ အတွက် သင်ရိုးညွှန်းတမ်းပါအတိုင်း ကွင်းဆင်းဆေးကုသခြင်း၊ ပြည်သူ့ဘဝလေ့လာရေး သုတေသန စစ်တမ်းကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ကွင်းဆင်းဆေးကုသခြင်းနှင့် သုတေသနစစ်တမ်းကောက်ယူခြင်းများကို တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခဌေးလွင်၊ သုတေသနဌာနမှ ဒု-ညွှန်မှူး ဒေါက်တာခင်တာရာမြင့်တို့ ဦးဆောင်လျက် ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများက စုပေါင်းဆောင်ရွက်ကြပါသည်။

မန္တလေးတိုင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ဒု-တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရာ လူနာ (၁၃၀)ဦးကို ဆေးကုသ ပေးနိုင်ခဲ့ပါသည်။

(၂၇-၈-၂၀၂၃)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် တိုင်းရင်းဆေးတ္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခ ဒေါ်သန္တာခိုင် နှင့် ဆေးဝါးဗေဒဌာနမှ ဆရာ/မများလိုက်ပါလျက် တိုင်းရင်းဆေးတ္ကသိုလ် တတိယနှစ်ကျောင်သား/သူများသည် မန္တလေးမြို့ရှိ မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း စက်ရုံ(GMP)သို့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစဉ်များ အား သွားရောက်လေ့လာခဲ့ကြပါသည်။

(၁၁-၈-၂၀၂၃)ရက်နေ့ နံနက် (၉း၃၀) နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး တတိယနှစ် ကျောင်းသား/သူများ ၏ ဆေးဖက်ဝင်ဆေးပင်များ လေ့လာရှာဖွေရေး ခရီးစဉ်ကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) သို့ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယညွှန်ကြားရေးမှူး ‌ဒေါက်တာခင်တာရာမြင့်၊ သုတေသနမှူး ‌ဒေါ်မျိုးသီတာအေးနှင့် ကြီးကြပ် ဆရာ/မများ၊ ကျောင်းသား/သူများ (၆၂)ဦးတို့ သွားရောက်လေ့လာခဲ့ကြပါသည်။

တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ

ဆောင်းပါး ပါမောက္ခသိန်းဇော်လင်း

ဖတ်ရှုရန်

ဆောင်းပါး - ၁

ဆောင်းပါး - ၂

တိုင်းရင်းဆေးတက္ကသိုလ် ‌ကျောင်းသား/ သူများ အတွက် ပညာသင်ထောက်ပံ့အလှူငွေပေးအပ်ပွဲ အခမ်းအနားကို (၂၀၇-၂၀၂၃)ရက်နေ့ နံနက် (၁၁း၃၀)အချိန်တွင် အခန်းအမှတ်(၁၀၆) တွင် ကျင်းပပြုလုပ်ခဲ့ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ မော်ကွန်းထိန်း၊ ပါမောက္ခ/ဌာနမှူးများ၊ အလှူရှင်မိသားစု နှင့် တက်ရောက်ပြီး အလှူရှင် မဥမ္မာမြင့် ၏ မွေးနေ့အလှူအဖြစ် မိသားစု မှ (၁၀)သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။  ဆက်လက်ပြီးတက္ကသိုလ် ဝန်ထမ်းမိသားစုများထဲမှ တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သား/သမီးများအား တိုင်းရင်းဆေးတက္ကသိုလ် မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

  1. (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနား
  2. ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနား
  3. Workshop on Research Methodology (2023) ကျင်းပခြင်း
  4. ၁၃၈၅ခုနှစ်မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း
  5. ''ပညာသင်ထောက်ပံ့ကြေး အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနား''
  6. မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့တက်‌ရောက်ခြင်း
  7. တိုင်းရင်းဆေးတက္ကသိုလ်တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
  8. ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်း
  9. တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကျင်းပခြင်း
  10. ''လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းခင်းကျင်းပြသခြင်း''
  11. ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း
  12. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း
  13. ''(၁၁/၂၀၂၂)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပြခြင်း''
  14. “(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”
  15. “မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”
  16. ''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''
  17. (၁၁)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း
  18. "ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံသို့ သွားရောက်လေ့လာခြင်း''
  19. ''တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း''
  20. Fresher Welcome (5/2022) ကျင်းပခြင်း

 

Visitors

Today 22

Yesterday 187

Week 554

Month 4687

All 137345

Currently are 26 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.