Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၆.၆.၂၀၂၃)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနမှ ကထိက ဒေါ်သန္တာစိုးသည် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြှင့်စက်ချုပ်သင်တန်း (၂/၂၀၂၃) ကျောင်းသူ (၁၃) ဦးကို ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မိုးရာသီတွင်ဖြစ်တတ်သောရောဂါငယ်များကိုမြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကောင်းများ၊ဆေးဖက်ဝင်ကြပ်ထုပ်အကြောင်းသိကောင်းစရာအချက်များနှင့် အိမ်တွင်းသုံးမြစ်ချင်းပြီး တိုင်းရင်းဆေးနည်းများအကြောင်းကို အပြန်အလှန် ဆွေးနွေးပြီးအသိပညာပေးဟောပြောခဲ့ပါသည်။

 

 

 

(8-5-2023)ရက်နေ့မှ (10-5-2023)ရက်နေ့ထိ တိုင်းရင်းဆေးတက္ကသိုလ်၊ အခန်းအမှတ်(၂၀၂)တွင် Workshop on Research Methodology (2023) ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၎င်းအလုပ်ရုံ‌ဆွေးနွေးပွဲ တွင် ဆေးဘက်နှီးနွယ်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများ၊ ChairPersons, Speaker, Facilitators, သင်တန်းသား/သူ (၃၀)ဦး နှင့် ‌လေ့လာသူများ ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့၊ ညနေ(၃း၀၀)နာရီ အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် အဆောက်အဦအတွင်းတွင် အန္တရာယ်ကင်း ပရိတ်တနားတော်များနာယူခြင်းအစီအစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကြွရောက်လာကြကုန်သော ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်အရှင်မြတ်တို့က တက္ကသိုလ်ပရဝုဏ်အတွင်းပရိတ်တရားတော်များ လှည့်လယ်ရွတ်ဖတ်ကြပီးနောက် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေး နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဌာနအသီးသီးမှ ဆရာ/မများ၊ ဝန်ထမ်းများက ပရိတ်တရားတော်များနာယူခြင်းနှင့် ရေစက်ချအနုမောဒနာတရားများ နာယူခဲ့ကြပါသည်။

 

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နေ့လည် (၁း၀၀)အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၌ ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများအနက်မှ ကျောင်းသူ(၂၀)ဦးအတွက် မန္တ‌လေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နှင့် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း တို့မှ အလှူငွေကျပ် သိန်း (၃၀) တိတိကို လှူဒါန်းပေးအပ်ရာ  တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

နေပြည်တော် MICC -II တွင်  2023 ခုနှစ်၊ မတ်လ (၁၁-၁၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော  မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ  “ Quality Care in Medical Practice” အရည်အသွေးရှေ့ရှု ကျန်းမာရေးစောင့်ရှောက်မှု ကို တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး မှ ပါမောက္ခချုပ်၊ ပါမောက္ခ‌ဒေါက်တာသိန်းဇော်လင်း၊ ပါမောက္ခဌေးလွင်၊ ပါမောက္ခခင်သန်းဝေ တို့ တက်ရောက်ခဲ့ကြပါသည်။

  1. တိုင်းရင်းဆေးတက္ကသိုလ်တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
  2. ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်း
  3. တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကျင်းပခြင်း
  4. ''လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းခင်းကျင်းပြသခြင်း''
  5. ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း
  6. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း
  7. ''(၁၁/၂၀၂၂)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပြခြင်း''
  8. “(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”
  9. “မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”
  10. ''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''
  11. (၁၁)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း
  12. "ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံသို့ သွားရောက်လေ့လာခြင်း''
  13. ''တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း''
  14. Fresher Welcome (5/2022) ကျင်းပခြင်း
  15. ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ပွဲ
  16. အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာ ကာကွယ်ဆေးလက်ဖက် ခြောက်ထုပ် များ ပေးဝေငှခြင်း
  17. Covid လူနာများ ​သောက်ရန် တိုင်းရင်း​ဆေးတက္ကသိုလ် ​ဆေးဝါး​ဗေဒ ဌာနက ​ဖော်စပ်ထုတ်လုပ်ထား​သော ဆေးလဘက်​ခြောက်
  18. Weekly internal(departmental) international journal reading
  19. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  20. Participating in IPE program in Medical and allied universities in Mandalay as a UTM participant

 

Visitors

Today 24

Yesterday 638

Week 2263

Month 16370

All 96559

Currently are 52 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.