(၁၄)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ(ဒုတိယနေ့)ကို (၂၉-၈-၂၀၂၄) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မန္တလေး၊ ရတနာပုံခန်းမ၌ ဆက်လက်ကျင်းပရာ စာတမ်း (၁၁)စောင်အား စာတမ်းရှင်များက စာတမ်းများကို တင်သွင်းဖတ်ကြားကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာတမ်းဖတ်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ကျင်းပရာ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အခုလို စာတမ်းနှင့် ပိုစတာများ တင်သွင်းဖတ်ကြားပေး ကြတဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာနတို့မှ သုတေသီများကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နှစ်တွေမှာလည်း စာတမ်း များ၊ ပိုစတာများကို တင်သွင်းဖတ်ကြားပေးဖို့ အလေးထားဖိတ်ခေါ်ကြောင်း၊ စာတမ်းများ ဖတ်ကြားရာတွင် သဘာပတိအဖြစ် ဆောင်ရွက်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများနှင့် အားတက်သရော ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြသူများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပြည့်ဝပြီး ပိုမိုကောင်းမွန်သည့် စာတမ်းများ၊ ပိုစတာများကို ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ စာတမ်းဖတ်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြတဲ့ ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်နှစ်တွေမှာလည်း အခုလို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အကောင်းဆုံး စာတမ်းဆု၊ ပိုစတာဆုများ စိစစ် ရွေးချယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌက အခြေခံတိုင်းရင်းဆေးသုတေသနစာတမ်းပထမဆု၊ ဒုတိယဆု၊ အသုံးချတိုင်းရင်းဆေး သုတေသနစာတမ်းပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ကျန်းမာရေး စနစ်သုတေသန (Health Systems Research) စာတမ်းဆုနှင့် အခြေခံသုတေသနပိုစတာ အကောင်းဆုံးဆု နှင့် အသုံးချသုတေသနပိုစတာ အကောင်းဆုံးဆုများကို စိစစ် ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
၎င်းနောက် ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အခြေခံတိုင်းရင်းဆေးသုတေသနစာတမ်းပထမဆုကို “Sub-acute Toxicity and Immuno modulatory Effect of Pji: Loun Chan: Tha Hsei: (Traditional Medicine Formulation-27) on Albino Rats” ခေါင်းစဉ်ဖြင့် Daw Ei Phyu Phyu Khaing နှင့်အဖွဲ့ကလည်းကောင်း၊ အခြေခံတိုင်းရင်းဆေးသုတေသနစာတမ်း ဒုတိယဆုကို “Sub-acute toxicity and anti-inflammatory activity of Lei: Hnjin: Kala´ Hsei: (Traditional Medicine Formulation-24) on animal models ” ခေါင်းစဉ်ဖြင့် Daw Yee Yee Mun နှင့်အဖွဲ့ကလည်းကောင်း၊ အသုံးချတိုင်းရင်းဆေးသုတေသနစာတမ်း ပထမဆုကို “ Combined Effect of Myanmar Massotherapy and Nasya Karma on patients with Cervical Spondylosis” ခေါင်းစဉ်ဖြင့် Daw Yadar Oo နှင့်အဖွဲ့ကလည်းကောင်း၊ အသုံးချတိုင်းရင်းဆေးသုတေသနစာတမ်း ဒုတိယဆုကို “ Combined Effect of Nadi Sweda and Upanaha Sweda on Patients with Vatakantaka (Calcaneal Spur)” ခေါင်းစဉ်ဖြင့် Daw Thinzar Hlaing နှင့်အဖွဲ့ကလည်းကောင်း၊
အသုံးချတိုင်းရင်းဆေးသုတေသနစာတမ်း တတိယဆုကို “ Effect of selected Myanmar Traditional Medicine Therapy on patients with Griva Stambha with special reference to cervical spondylosis” ခေါင်းစဉ်ဖြင့် Daw Mya Darli Lwin နှင့်အဖွဲ့ကလည်းကောင်း၊ အခြေခံသုတေသန ပိုစတာ အကောင်းဆုံးဆုကို “ Anti-oxidant activity of Ganoderma Lucidum Leyss.Ex.Fr.karst ” ခေါင်းစဉ်ဖြင့် Daw Khin May Thi နှင့်အဖွဲ့ကလည်းကောင်း၊ အသုံးချ သုတေသန ပိုစတာ အကောင်းဆုံးဆုကို “ Sub-acute toxicity study of Traditional Medicine Formulation-69 (Sa-Tu-Jin-Ga-Hsei:) on Albino Rats ” ခေါင်းစဉ်ဖြင့် Daw Nan Yamin Thu နှင့်အဖွဲ့ကလည်းကောင်း၊ ကျန်းမာရေးနည်းစနစ် သုတေသနအကောင်းဆုံးဆု ကို “Utilization of Traditional Medicine among the Communities of Meiktila Township: A Cross-Sectional Study” ခေါင်းစဉ်ဖြင့် Daw Mya Thandar နှင့်အဖွဲ့က လည်းကောင်း ရရှိကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် ဆုချီးမြှင့်ရေးကော်မတီမှ ဆရာကြီး၊ ဆရာမကြီးများက ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဆုရ စာတမ်းရှင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ များရိုက်ကူးပြီး (၁၈:၃၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ပါသည်။