Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၄)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ(ဒုတိယနေ့)ကို (၂၉-၈-၂၀၂၄) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မန္တလေး၊ ရတနာပုံခန်းမ၌ ဆက်လက်ကျင်းပရာ စာတမ်း (၁၁)စောင်အား စာတမ်းရှင်များက စာတမ်းများကို တင်သွင်းဖတ်ကြားကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာတမ်းဖတ်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ကျင်းပရာ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အခုလို စာတမ်းနှင့် ပိုစတာများ တင်သွင်းဖတ်ကြားပေး ကြတဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာနတို့မှ သုတေသီများကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နှစ်တွေမှာလည်း စာတမ်း များ၊ ပိုစတာများကို တင်သွင်းဖတ်ကြားပေးဖို့ အလေးထားဖိတ်ခေါ်ကြောင်း၊ စာတမ်းများ ဖတ်ကြားရာတွင် သဘာပတိအဖြစ် ဆောင်ရွက်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများနှင့်  အားတက်သရော ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြသူများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပြည့်ဝပြီး ပိုမိုကောင်းမွန်သည့် စာတမ်းများ၊ ပိုစတာများကို ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ စာတမ်းဖတ်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြတဲ့ ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်နှစ်တွေမှာလည်း အခုလို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အကောင်းဆုံး စာတမ်းဆု၊ ပိုစတာဆုများ စိစစ် ရွေးချယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌက  အခြေခံတိုင်းရင်းဆေးသုတေသနစာတမ်းပထမဆု၊ ဒုတိယဆု၊ အသုံးချတိုင်းရင်းဆေး သုတေသနစာတမ်းပထမဆု၊  ဒုတိယဆု၊ တတိယဆု၊ ကျန်းမာရေး စနစ်သုတေသန (Health Systems Research) စာတမ်းဆုနှင့် အခြေခံသုတေသနပိုစတာ အကောင်းဆုံးဆု နှင့် အသုံးချသုတေသနပိုစတာ အကောင်းဆုံးဆုများကို စိစစ် ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားပါသည်။

၎င်းနောက် ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အခြေခံတိုင်းရင်းဆေးသုတေသနစာတမ်းပထမဆုကို “Sub-acute Toxicity and Immuno modulatory Effect of Pji: Loun Chan: Tha Hsei: (Traditional Medicine Formulation-27) on Albino Rats” ခေါင်းစဉ်ဖြင့် Daw Ei Phyu Phyu Khaing နှင့်အဖွဲ့ကလည်းကောင်း၊ အခြေခံတိုင်းရင်းဆေးသုတေသနစာတမ်း ဒုတိယဆုကို “Sub-acute toxicity and anti-inflammatory activity of Lei: Hnjin: Kala´ Hsei: (Traditional Medicine Formulation-24) on animal models ခေါင်းစဉ်ဖြင့် Daw Yee Yee Mun နှင့်အဖွဲ့ကလည်းကောင်း၊ အသုံးချတိုင်းရင်းဆေးသုတေသနစာတမ်း ပထမဆုကို  “ Combined Effect of Myanmar Massotherapy and Nasya Karma on patients with Cervical Spondylosis” ခေါင်းစဉ်ဖြင့် Daw Yadar Oo နှင့်အဖွဲ့ကလည်းကောင်း၊ အသုံးချတိုင်းရင်းဆေးသုတေသနစာတမ်း ဒုတိယဆုကို  “ Combined Effect of Nadi Sweda and Upanaha Sweda on Patients with Vatakantaka (Calcaneal Spur)” ခေါင်းစဉ်ဖြင့် Daw Thinzar Hlaing နှင့်အဖွဲ့ကလည်းကောင်း၊

အသုံးချတိုင်းရင်းဆေးသုတေသနစာတမ်း တတိယဆုကို  “ Effect of selected Myanmar Traditional Medicine Therapy on patients with Griva Stambha with special reference to cervical spondylosis” ခေါင်းစဉ်ဖြင့် Daw Mya Darli Lwin နှင့်အဖွဲ့ကလည်းကောင်း၊ အခြေခံသုတေသန ပိုစတာ အကောင်းဆုံးဆုကို  “ Anti-oxidant activity of Ganoderma Lucidum Leyss.Ex.Fr.karst ” ခေါင်းစဉ်ဖြင့် Daw Khin May Thi နှင့်အဖွဲ့ကလည်းကောင်း၊ အသုံးချ သုတေသန ပိုစတာ အကောင်းဆုံးဆုကို  “ Sub-acute toxicity study of Traditional Medicine Formulation-69 (Sa-Tu-Jin-Ga-Hsei:) on Albino Rats ” ခေါင်းစဉ်ဖြင့် Daw Nan Yamin Thu နှင့်အဖွဲ့ကလည်းကောင်း၊ ကျန်းမာရေးနည်းစနစ် သုတေသနအကောင်းဆုံးဆု ကို “Utilization of Traditional Medicine among the Communities of Meiktila Township: A Cross-Sectional Study” ခေါင်းစဉ်ဖြင့် Daw Mya Thandar နှင့်အဖွဲ့က လည်းကောင်း ရရှိကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် ဆုချီးမြှင့်ရေးကော်မတီမှ ဆရာကြီး၊ ဆရာမကြီးများက ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဆုရ စာတမ်းရှင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ များရိုက်ကူးပြီး (၁၈:၃၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ပါသည်။

 

 

(၁၄)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၈-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရတနာပုံခန်းမ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မန္တလေး ၌ ကျင်းပရာ  အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊   ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ  ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်တို့မှတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်သုတေသီများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။   

အခမ်းအနားကို တိုင်းရင်းဆေးပညာရှင်များ၏ နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ ဖွင့် လှစ်ပြီးနောက် သဘာပတိ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပီးနောက်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှုးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဧည့်သည်တော်များသည် စာတမ်းရှင်များ စာကိုယ်လှယ်ကြီးများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ   ပြသထားသော ပိုစတာများ ကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြပါသည်။

ဖွင့်ပွဲ အခမ်းအနား ပြီးနောက် အစီအစဉ်များ ဆက်လက်ကျင်းပခဲ့ရာ ပထမနေ့ တွင် စာတမ်း (၉)စောင် တို့ဖတ်ကြားခဲ့ပြီး ယင်းစာတမ်းဖတ်ပွဲကို (၂၉-၈-၂၀၂၅)ရက်နေ့ထိ (၂)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပီး စုစုပေါင်း စာတမ်း(၂၀)စောင်နှင့် ပိုစတာ (၅) ခုတို့ တင်သွင်းဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရပါသည်။

(၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ(ဒုတိယနေ့)ကို (၈-၈-၂၀၂၄) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ဆက်လက်ကျင်းပရာ စာတမ်းရှင်များက စာတမ်းများကို တင်သွင်းဖတ်ကြားကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာတမ်းဖတ်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ကျင်းပရာ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အခုလို စာတမ်းနှင့် ပိုစတာများ တင်သွင်းဖတ်ကြားပေး ကြတဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာနတို့မှ သုတေသီများကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နှစ်တွေမှာလည်း စာတမ်း များ၊ ပိုစတာများကို တင်သွင်းဖတ်ကြားပေးဖို့ အလေးထားဖိတ်ခေါ်ကြောင်း၊ စာတမ်းများ ဖတ်ကြားရာတွင် သဘာပတိအဖြစ် ဆောင်ရွက်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများနှင့်  အားတက်သရော ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြသူများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပြည့်ဝပြီး ပိုမိုကောင်းမွန်သည့် စာတမ်းများ၊ ပိုစတာများကို ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ စာတမ်းဖတ်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြတဲ့ ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်နှစ်တွေမှာလည်း အခုလို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ အကောင်းဆုံး စာတမ်းဆု၊ ပိုစတာဆုများ စိစစ် ရွေးချယ်ရေးဆပ်ကော်မတီ ဥက္ကက တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာတမ်းဆု၊ သိပ္ပံသုတေသန ဆိုင်ရာ စာတမ်းဆု၊ ကျန်းမာရေး စနစ်သုတေသန (Health Systems Research) စာတမ်းဆုနှင့် ပိုစတာဆုများကို စိစစ် ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားပါသည်။

ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အကောင်းဆုံး တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာတမ်း ပထမဆုကို “Effect of 95% Ethanolic Extract of Leaves of Cassia alata Linn. Cream on Patients with Dadru Kushta with Special References to Dermatophytosis”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဆုကို “Topical Application of Traditional Medicine Formulation - 49 (Hpajaun: Gje' Jou: Jou:) and Oral Medication on Patients with Vicharchika with Special Reference to Atopic Eczema စာတမ်းက လည်းကောင်း၊ တတိယဆုကို  “Comparison on the Effect of Thwei:-Hsei:-Ngan and Mi:-Ja'-Che'-Hsei: on Perimenopausal Patients” စာတမ်းကလည်းကောင်း၊

အကောင်းဆုံး သိပ္ပံသုတေသနစာတမ်း ပထမဆုကို “Sub-acute Toxicity and Laxative activity of Traditional Medicine Formulation-12A (Se Khu Pa La Hsei:-1) on Animal Models” စာတမ်းကလည်းကောင်း၊

ဒုတိယဆုကို “Antibacterial Activity of Various Extracts of The’ Tan Hsei: against Staphylococcus aureus, Escherichia coli and Pseudomonas aeruginosa ” စာတမ်း က လည်းကောင်း၊ တတိယဆုကို “ Acute Toxicity and Antipyretic Activity of Traditional Medicine formulation-74 (Ngan: Ne’Kjo Hsei:) ” စာတမ်းလည်းကောင်း ရရှိသည်။

 အကောင်းဆုံး ကျန်းမာရေးစနစ်သုတေသနစာတမ်းဆုကိုစွယ်စုံကျော်ထင်ကျမ်းလာ တိုင်းရင်းဆေးဆိုင်ရာ အမေးအဖြေပုစ္ဆာများကို လေ့လာခြင်း” စာတမ်းက ရရှိကာ  အကောင်းဆုံး ပိုစတာ ပထမဆုကို “Impact of Harvesting Time and Post-Harvest Processing Conditions on Extract Yield Percent and Curmumin Content of Turmeric Rhizome” ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ဒုတိယဆုကို “Optimization of Extraction Conditions and Evaluation of Rhein-rich Extract from Senna alata Leaves” နှင့် တတိယဆုကို “ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာနှင့်ကျောက်ဖျာဒိုးကျေးရွာသို့ လက်တွေ့ကွင်းဆင်း ဆေးကုသခြင်းနှင့် တိုင်းရင်းဆေးဆိုင်ရာသဘောထား ခံယူချက်များကို လေ့လာခြင်း”တို့က အသီးသီး ဆွတ်ခူး ရရှိကြကာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများက ဆုများကို အသီးသီး ချီးမြှင့်ပါသည်။

ထို့နောက် (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး အတွက် အဓိကကူညီပံ့ပိုးပေးပါသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များအား  ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ (၁၈:၃၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ပါသည်။

(၁၃)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပရာ  အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ များနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်သုတေသီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။   

အခမ်းအနားကို တိုင်းရင်းဆေးပညာရှင်များ၏ နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် သဘာပတိ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်  တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများသည် မြန်မာ့တိုင်းရင်းဆေးလောက  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းများဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးကုထုံးများနှင့် တိုင်းရင်းဆေးဝါးများ၏ အမှန်တကယ် အကျိုးအာနိသင်ရှိမှုကို  Experience based ကနေ Evidence based သို့ ပြောင်းလဲ၍ လက်တွေ့သက်သေများဖြင့် ပြသနိုင်မည်ဖြစ်ကြောင်း၊  ဆန်းသစ်တီထွင်နိုင်သော သုတေသနဆိုင်ရာအကြံဉာဏ်များဖလှယ်ရန်နှင့် တိုင်းရင်းဆေးပညာနယ်ပယ်ကို ရှေ့သို့ တွန်းအား ပေးမည့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ သုတေသနစာတမ်းဖတ်ပွဲများသည် တိုင်းရင်းဆေးပညာ၏ ကျန်းမာရေးစောင့်ရှောက်မှု  အဆင့်အတန်းကို ပိုမိုမြင့်မားလာစေမှာဖြစ်ကြောင်း ပြောကြားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပသည့် (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို (က) မြန်မာ့တိုင်းရင်းဆေးပညာရပ် အား အတွေ့အကြုံအခြေပြု ဆေးပညာရပ်မှ သက်သေအထောက်အထားပြု ဆေးပညာရပ် အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန်၊ (ခ) ပြည်သူလူထု၏ အဓိက ကျန်းမာရေးပြဿနာများကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးအသစ်နှင့် ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရန်၊ (ဂ) အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်နှင့် (ဃ) ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးကောင်းမွန်၍ အသုံးချနိုင်သော တိုင်းရင်းဆေးသုတေသန များ ဆက်လက်ဆောင်ရွက်နိုင်စေရန်အတွက် သုတေသနဆိုင်ရာ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လာ စေရန်၊ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများနှင့် သုတေသနစာတမ်းဖတ်ပွဲများ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်စတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်းဖြစ်သည်။

စာတမ်းဖတ်ပွဲကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး  သုတေသနစာတမ်း (၂၉)စောင်၊ ပိုစတာ (၆)စောင် ကို တင်သွင်း ဖတ်ကြား သွားမည်ဖြစ်သည်။  မြန်မာ့တိုင်းရင်းဆေး၏ နယကြီးလေးပါးမှာပါဝင်သော ဝိဇ္ဇာဓရနယ ဆေးပညာ ဆိုင်ရာ‌ ဟောပြောပွဲအပါအဝင် တိုင်းရင်းဆေးဝါးများတွင် မှို/ပိုး ပေါက်ပွားမှုမှ ကာကွယ်နိုင်မည့် လက်တွေ့နည်းလမ်းကောင်းများ၊ အာခါတိုင်းရင်းသားများ၏ ရိုးရာကုထုံးများ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ်ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ  သုတေသနစာတမ်းများ ဖတ်ကြားတင်သွင်းကြမည်ဖြစ်သည်။  တိုင်းရင်းဆေးပညာရှင်များနှင့် သိပ္ပံသုတေသီပညာရှင်များ၏ စာတမ်းများပါဝင်သောကြောင့် ပညာရှင်များ တွေ့ဆုံဆွေးနွေးသုံးသပ်အဖြေရှာပြီး  လက်တွေ့အသုံးချနိုင်သည်အထိ သုတေသန များ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ယခုသုတေသနစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးတိုင်းရင်းသုတေသနစာတမ်း၊ သိပ္ပံ သုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတတမ်းနှင့် ပိုစတာများကို စိစစ်အကဲဖြတ်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဧည့်သည်တော်များသည်  ပြသထားသောပိုစတာများကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြပါသည်။

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး တွင် (၁၀-၆-၂၀၂၄)ရက်မှ (၁၂-၆-၂၀၂၄)ရက်နေ့ထိ ကျင်းပပြုလုပ်သော Workshop on Research Methodology (2024) အခမ်းအနား ကျင်းပခဲ့ပါသည်။

ယင်းသုတေသနနည်းစနစ်အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မော်ကွန်းထိန်း၊ ကထိက/ဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ သင်ကြားရေး တိုင်းရင်းဆေးရုံ များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းဆေးဆရာ /သုတေသီများ စသည့် သင်တန်းသား/သူ (၃၀)ဦးနှင့်အတူ သဘာပတိများ၊ သင်ကြားသည့်ဆရာများ၊ MEUnit အဖွဲ့ဝင်များတက်ရောက်ကျင်းပခဲ့ကြပါသည်။ 

  1. ''CTME Progrmmme ကျင်းပခြင်း''
  2. Lunch Time Talk Programme
  3. (၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပခြင်း
  4. ''(၂၁)ကြိမ်မြောက်တိုင်းရင်းဆေးသမားတော်များ ညီလာခံ နှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ''
  5. ''External protocol board meeting ကျင်းပခြင်း"
  6. (၁၁၂)ကြိမ်မြောက် CTME စာတမ်းဖတ်ပွဲ ကျင်းပခြင်း
  7. (၁၁၁)ကြိမ်မြောက် CTME စာတမ်းဖတ်ကြားခြင်း
  8. The 10th Traditional Medicine Research Congress ဒသမအကြိမ်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ
  9. ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်၊ ဗုဒ္ဓဟူးနေ့ တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အခမ်းအနား ကျင်းပ
  10. တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အခမ်းအနား ကျင်းပ
  11. CTME Programme 11-1-2020
  12. ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၃)ရက်၊ ဗုဒ္ဓဟူးနေ့ တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အခမ်းအနား ကျင်းပ
  13. တိုင်းရင်းဆေးတက္ကသိုလ်တွင် Lunch Time Talk အခမ်းအနား ကျင်းပ
  14. တိုင်းရင်းဆေးတက္ကသိုလ်တွင် တစ်​လလျှင်​ ၂ကြိမ်​ ကျင်းပမြဲ ဖြစ်​​သော Lunch Time Talk ကျင်းပ

Page 1 of 4

 

Visitors

Today 4

Yesterday 49

Week 111

Month 4

All 71154

Currently are 7 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.