Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး) နှင့် တိုင်းရင်းဆေးတက္ကသိုလ် တို့ ပူးပေါင်းကျင်းပသော
တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်
(၁၀၇)ကြိမ်မြောက် CTME စာတမ်းဖတ်ပွဲ တွင်....ဟောပြော သူ များ အဖြစ်
ဦးလှမျိုးဝင်း နည်းပြ ဆေးပညာဌာနက ''ဝိဇ္ဇာဓရနယ  ဆိုင်ရာ အခြေခံနည်းစနစ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး''  ခေါင်းစဉ်ဖြင့် လည်းကောင်း
ဒေါ်မို့မို့စိုး ၊ နည်းပြ ဆေးပညာဌာနက ''သွပ်ပြာစီမံပုံနှင့် အဆိပ်အာနိသင်စစ်ဆေးခြင်း'' ခေါင်းစဉ်ဖြင့်လည်းကောင်း ‌ဟောပြေပြီး
သဘာပတိများအဖြစ် ...
ပါမောက္ခဝင်းနိုင်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ငြိမ်း ၊ တိုင်းရင်းဆေးတက္ကသိုလ်
 ဦးသန်းအုံး၊ ဒုတိယပါမောက္ခ/ဌာနမှူး(ငြိမ်း)၊ ကလေးရောဂါပညာဌာနက ဆောင်ရွက်ခဲ့ပြီး အစီအစဉ်ကို နံနက်(၉)နာရီမှ ၁၂ နာရီထိ
ကျင်းပခဲ့ကြောင်း သိရသည်။ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ဦးဝင်းဆွေ+ဒေါ်သန်းသန်းဝင်း စေတနာမွန် ဆေးတိုက် လွန်တောင်းရွာ က ကူညီပံ့ပိုးပါသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၃)ရက်၊ ဗုဒ္ဓဟူးနေ့

တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အခမ်းအနား ကျင်းပ
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၌ ယနေ့ (၂၃-၁၀-၂၀၁၉)ရက်၊ နံနက် ၁၁:၃၀ နာရီတွင် Medical Education Unit မှ ဦးဆောင်ကျင်းပသော Lunch Time Talk အခမ်းအနားကို အခန်းအမှတ် (၁၀၇)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးထွန်းမြင့်၊ ဒုတိယပါမောက္ခချုပ် (သင်ကြားငြိမ်း)၊ Emeritus Professors များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ မန္တလေး သင်ကြားရေး ဆေးရုံမှ စိတ် ဝင်စားသော ဆရာ ဆရာမများ၊ ဆေးဝါးစက်ရုံမှ စိတ်ဝင်စားသူများ၊ စိတ်ဝင်စားကြသော ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဤအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဆောင်ရွက်ပြီး၊ Speaker အဖြစ် ဒေါက်တာခိုင်မျိုး ကထိက/ဌာနမှူး Department of Microbiology /Pathology က ''University of Traditional Medicine: How to face the challenges of New Education Era'' ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းကြကာ အခမ်းအနားကို မွန်းလွဲ ၁၂:၅၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်၊ ဗုဒ္ဓဟူးနေ့

တိုင်းရင်းဆေးတက္ကသိုလ်တွင် Lunch Time Talk အခမ်းအနား ကျင်းပ
======================================

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်တွင် ယနေ့ (၇-၉-၂၀၁၉)ရက်၊ နံနက် ၁၁း၃၀ နာရီတွင် Medical Education Unit မှ ဦးဆောင်ကျင်းပသော Lunch Time Talk အခမ်းအနားကို အခန်းအမှတ် (၁၀၇)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား ငြိမ်း) ပါမောက္ခ ဝင်းနိုင်၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အခြား စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။

ဤအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် Department of English ဌာနမှူး ဦးသန်းဦးက ဆောင်ရွက်ပြီး၊ Speaker ဖြစ်သူ ဒေါ်နှင်းနှင်းထွန်း၊ ကထိက/ဌာနမှူး Department of Botany က ''Botanical Identification and Medicinal Uses of Genus Phyllanthus'' ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးကြကာ အခမ်းအနားကို မွန်းလွဲ ၁၂း၅၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ​​လ (၄)ရက်၊ ဗုဒ္ဓဟူးနေ့

တိုင်းရင်းဆေးတက္ကသိုလ်တွင် တစ်​လလျှင်​ ၂ကြိမ်​ ကျင်းပမြဲ ဖြစ်​​သော Lunch Time Talk ကျင်းပ
===========================
၄-၉-၂၀၁၉၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁၁း၃၀ နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ Medical Education Unit မှ ဦးဆောင်ကျင်းပသော Lunch Time Talk အခမ်းအနားကို အခန်းအမှတ် (၁၀၇)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား ငြိမ်း) ပါမောက္ခ ဝင်းနိုင် ခေတ္တ မော်ကွန်းထိန်းဦးထွန်း​ ေ​မာင်​၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အခြား စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။

ဤအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် D​ဆေးဝါး​ဗေဒ ဌာနမှူး ပါ​မောက္ခဝင်​းစိုးက ဆောင်ရွက်ပြီး၊ Speaker ဖြစ်သူ ဒုတိုင်​းရင်​း​ဆေးမှူး ဒေါ်အိသဇင်ဖြိုး-TMTH,Mdy ​​း က ''Knowledge staring fot 1 yr language scholarship at Yunnun university of chinese medicine '' ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးကြကာ အခမ်းအနားကို မွန်းလွဲ ၁၂း၃၅ နာရီတွင် ရုပ်သိမ်းခဲ့သည်။

 

 

 

Page 4 of 4

 

Visitors

Today 49

Yesterday 182

Week 824

Month 49

All 125860

Currently are 12 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.