Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

"(၁၄) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း''

(၁၄)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၈-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရတနာပုံခန်းမ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မန္တလေး ၌ ကျင်းပရာ  အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊   ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ  ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်တို့မှတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်သုတေသီများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။   

အခမ်းအနားကို တိုင်းရင်းဆေးပညာရှင်များ၏ နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ ဖွင့် လှစ်ပြီးနောက် သဘာပတိ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပီးနောက်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှုးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဧည့်သည်တော်များသည် စာတမ်းရှင်များ စာကိုယ်လှယ်ကြီးများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ   ပြသထားသော ပိုစတာများ ကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြပါသည်။

ဖွင့်ပွဲ အခမ်းအနား ပြီးနောက် အစီအစဉ်များ ဆက်လက်ကျင်းပခဲ့ရာ ပထမနေ့ တွင် စာတမ်း (၉)စောင် တို့ဖတ်ကြားခဲ့ပြီး ယင်းစာတမ်းဖတ်ပွဲကို (၂၉-၈-၂၀၂၅)ရက်နေ့ထိ (၂)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပီး စုစုပေါင်း စာတမ်း(၂၀)စောင်နှင့် ပိုစတာ (၅) ခုတို့ တင်သွင်းဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရပါသည်။

 

Visitors

Today 15

Yesterday 187

Week 547

Month 4680

All 137338

Currently are 38 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.