Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

''CTME Progrmmme ကျင်းပခြင်း''

(၁၁-၅-၂၀၂၄) ရက်နေ့ နံနက် (၉:၀၀)နာရီ အခန်းအမှတ်(၂၀၂)တွင် တိုင်းရင်းဆေးတက္ကသိုလ် တွင် CTME Programme ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေး အဖွဲ့ (အဖွဲ့ဝင်) ဂုဏ်ထူးဆောင်ပါမောက္ခ ဦးဝထွန်းနှင့် ကလေးရောဂါဆေးပညာဌာနမှ ဒုတိယပါမောက္ခ/ဌာနမှူး၊ ဦးသန်းအုန်း တို့က ဆောင်ရွက်ပြီး  မြန်မာစာဌာနမှ ကထိက/ဌာနမှူး ဒေါ်ထိပ်တင်မြတ် က “ကဝိလက္ခဏာ သတ်ပုံ သံပေါက်ကျမ်းလာ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ သံပေါက်(၄)ပုဒ်ကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပါဠိသက္ကတဌာနမှ လက်ထောက်ကထိက ဒေါ်သန္တာချစ် က “ ဝိနယပိဋက ပါရာဇိကကျမ်းလာ ဆေးဖက်ဝင် အပင်အချို့ကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟောပြောခဲ့ပါသည်။  ၎င်း အစီအစဉ်တွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ် ဌာနများမှ ဆရာ/မများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။   ၎င်း အစီအစဉ်ကို ဦးခင်မောင်ဦး UBK တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး ဆေးဆရာကြီးဦးဘကြင်၏ UBK အမှတ်တံဆိပ်တိုင်းရင်းဆေးဝါး အမျိုးမျိုး ဒေါင်းရာဇာ အမှတ်တံဆိပ် တိုင်းရင်းဆေးဝါးအမျိုးမျိုး ထုပ်လုပ်ရေး မိသားစု မန္တလေးမြို့က ကူညီပံ့ပိုးထားပါသည်။

 

 

Visitors

Today 19

Yesterday 147

Week 328

Month 3764

All 124171

Currently are 17 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.