Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

Accreditation and Certification ကဏ္ဍ၏ အကြိုညှိနှိုင်းအစည်းအဝေးကို 2024 ခုနှစ် ဇူလိုင်လ(1၇)ရက်နေ့ နေ့လည်(၂)နာရီ အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် အခန်း(၂၀၂) တွင် ကျင်းပခဲ့ပါသည်။  ယင်းအစည်းအဝေးတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာအရပ်ရပ်ဆိုင်ရာ အကြံပေး အဖွဲ့ ဥက္ကဋ္ဌ  ပါမောက္ခဒေါက်တာဦးမိတ်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးနှင့်ဆေးပစ္စည်းများအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊ ဆေးတက္ကသိုလ် (မန္တလေး)၊ သူနာပြုတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်များ/ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊  ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးတင့်လွင်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခများ၊ ကထိက/ဌာနမှူး/ ဌာနတာဝန်ခံများနှင့် စီမံ/ဘဏ္ဍာ၊ ကျောင်းသားရေးရာ/ဘွဲ့လွန်ဌာနများမှ ဝန်ထမ်းများတက်‌ရောက်ခဲ့ကြပါသည်။ 

အစည်းအဝေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းဆောင်ရွက်ရမည့်ကိစ္စရပ်များအားဆွေးနွေးခဲ့ကြပြီး ညနေ(၄း၃၀)ချိန်တွင် ပြီးမြောက်ပါသည်။

 

(၂၂-၆-၂၀၂၄) ရက်နေ့ နံနက် (၉:၀၀)နာရီ အခန်းအမှတ်(၂၀၂)တွင် တိုင်းရင်းဆေးတက္ကသိုလ် တွင် CTME Programme ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား)(ငြိမ်း)၊ ဂုဏ်ထူးဆောင်ပါမောက္ခ ပါမောက္ခဝင်းနိုင် နှင့် ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဌေးလွင် တို့က ဆောင်ရွက်ပြီး  တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးပညာဌာန လက်ထောက်ကထိက ဦးလှမျိုးဝင်း က “ဝိဇ္ဇာဓရနယနည်းစနစ်ဖြင့် ကျောက်ကျေဆေးစီမံပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  နည်းပြ၊ ဒေါ်မီမီချို က  “ Importance of nutrients from an astrological point of views” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)‌ဒေါက်တာမိုးဆွေ၊ တိုင်းရင်းဆေးအရပ်ရပ်ဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင် ဆရာကြီး ဦးမြင့်လွင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်ခင်ဖြူသက်၊ တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်မိုးသီတာဝင်း၊ မော်ကွန်းထိန်း ဦးမြင့်အေး၊  မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းမန္တလေး ဒုတိယဥက္ကဋ္ဌ ဦးသင်း၊ နှင့်  ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ်ဌာနများမှ ဆရာ/မများ၊ ပြင်ပမှ တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ ကျောင်းသား/သူများ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။  ၎င်းအခမ်းအနားအစီအစဉ်တွင်ဦးစည်သူဝင်း၊ ဦးပြည့်စုံအောင် ဒေါင်းရာဇာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မိသားစု မန္တလေးမြို့က ကူညီပံ့ပိုးထားပါသည်။

၂၀၂၃-၂၄ ပညာသင်နှစ် ပထမနှစ် မောင်/မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို (၉-၁-၂၀၂၄)ရက်နေ့  နံနက် (၉း၃၀)အချိန်တွင် အခန်း အမှတ်(၂၀၂)တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊  ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီး ဦးဝထွန်း ၊ စက်ရုံမှူး၊ တိုင်းဦးစီးဌာနမှူး နှင့်ဆရာ/မများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သစ်လွင်မောင်မယ်များ၊ အတန်းအသီးသီးမှကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း က သစ်လွင်မောင်/မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် မော်ကွန်းထိန်း ဦးမြင့်အေး က ကျောင်းသား/သူများ လိုက်နာရမည့်စည်းကမ်းများအား ဖတ်ကြားပြီး ဌာနအသီးသီးမှ ဌာနမှူးများနှင့်မိတ်ဆက်ပေးခဲ့ပါသည်။  အစီအစဉ်အရ ဆက်လက်ပီး အတန်းအသီးသီးမှ ဆုရကျောင်းသား (၁၅)ဦးနှင့် ဂုဏ်ထူးဆုရှင်များ/ အထူးအောင် ဆုရှင်များနှင့်စာပေထူးချွန်ဆုရ ကျောင်းသား / သူ (၆၉)ဦးအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။ 

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် စတုတ္ထနှစ်အောင်မြင်ပြီးသော ကျောင်းသား/သူများအား အလုပ်သင်တာဝန်ပေးအပ်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် အခန်းမှတ် (၁၀၆) အစည်းအဝေးခန်း၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားကာ၊ မော်ကွန်းထိန်းက အုပ်ချုပ်ရေးနှင့် စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဆရာကြီး၊ ဆရာမကြီးများက အလုပ်သင် ဆရာ၊ ဆရာမများကို ဆုံးမဩဝါဒ စကားများ ပြောကြားကြပါသည်။ အဆိုပါ အခမ်းအနားကို တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် (စီမံ)၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေးဆေးရုံ(မန္တလေး) ဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး စက်ရုံမှူး၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခ ဌာနမှူးဆရာ၊ ဆရာမများ၊ မော်ကွန်းထိန်း၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ (ရန်ကုန်၊ နေပြည်တော်)မှ ဒုတိယဆေးရုံအုပ်များ၊ အလုပ်သင် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး အလုပ်သင်ဆရာ၊ ဆရာမများကို ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံများ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) သို့ တာဝန်ခွဲဝေချထားကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ကာ အလုပ်သင်တာဝန်များကို (၁) နှစ်တိတိ သင်ယူတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ တွင် အခန်းအမှတ်(၂၀၂) တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)သို့ တိုင်းရင်းဆေးပညာရပ်တိုင်ရာ စာအုပ်ပေါင်း (၁၅၀) အား လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ     ယင်းအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊  အိန္ဒိယနိုင်ငံ Mr. Vinay Kumar, Ambassador, Embassy of India, Yangon, Mr. Kyljit Singh, Consul, Consulate General of India, Mandalay, Mr. Lalit Kumar, Second Ambassador, Embassy of India, Yangon, Mr. T. Binod, A S O, Consulate General of India, Mandalay, Mr. D. Bhoi, A S O, Consulate General of India, Mandalay, Mr. Rohit, Consulate General of India, Mandalay နှင့် မန္တလေးတိုင်းဒေသကြီးမှ အကြီးအကဲများ၊ တက္ကသိုလ်မှ ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။  ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးနှင့် အဖွဲ့တို့သည် တက္ကသိုလ် စာကြည့်တိုက်နှင့် တိုင်းရင်းဆေး ပြတိုက်များသို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။ #HMK

  1. တိုင်းရင်းဆေးတက္ကသိုလ်ကွင်းဆင်းဆေးကုခြင်းနှင့် သုတေသနစစ်တမ်းကောက်ခြင်း
  2. ''မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း စက်ရုံ(GMP)သို့ သွား‌ရောက်လေ့လာခြင်း''
  3. ‘’ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သို့ ဆေးဖက်ဝင်ဆေးပင်များ သွားရောက်လေ့လာခြင်း’’
  4. တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ
  5. ''ပညာသင်ထောက်ပံ့အလှူငွေပေးအပ်ပွဲ အခမ်းအနား''
  6. (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနား
  7. ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနား
  8. Workshop on Research Methodology (2023) ကျင်းပခြင်း
  9. ၁၃၈၅ခုနှစ်မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း
  10. ''ပညာသင်ထောက်ပံ့ကြေး အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနား''
  11. မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့တက်‌ရောက်ခြင်း
  12. တိုင်းရင်းဆေးတက္ကသိုလ်တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
  13. ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်း
  14. တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကျင်းပခြင်း
  15. ''လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်းခင်းကျင်းပြသခြင်း''
  16. ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း
  17. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း
  18. ''(၁၁/၂၀၂၂)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပြခြင်း''
  19. “(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”
  20. “မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”

 

Visitors

Today 22

Yesterday 187

Week 554

Month 4687

All 137345

Currently are 27 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.