Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

“တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ အခမ်အနားကျင်းပ”

မန္တလေး၊ နိုဝင်ဘာလ ၅။

“တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ အခမ်အနားကျင်းပ (National Seminar on the Development of Traditional Medical Education)” အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပရာ  ဖွင့်ပွဲအခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်စုစုဒွေး၊  တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်  ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)ဦးတင့်လွင်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင် ၊ တိုင်းရင်းဆေးတက္ကသိုလ်-ဂုဏ်ထူးဆောင်ပါမောက္ခများ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ဥက္ကဋ္ဌ၊  တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နှီးနှောဖလှယ်ပွဲ တွင် အသိပညာရှင် အတတ်ပညာရှင်များ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲတွင် Area(4)ခုဖြင့်ဆွေးနွေးကြမည်ဖြစ်ပြီး ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်း ဖြစ်ထွန်းလာစေရေး၊ ပညာရေးဝန်းကျင်ကောင်းရရှိရန် လိုအပ်သောစာသင်ခန်း၊ စာကြည့်တိုက်၊ သုတေသနဓာတ်ခွဲခန်း၊ IT နည်းပညာအထောက်အကူ နှင့် တိုင်းရင်းဆေးဥယျာဉ်ဖွံ့ဖြိုးရေး၊ နိုင်ငံတကာနှင့် ပညာရပ်ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာဘွဲ့ဒီဂရီများနှင့် ပတ်သက်၍အရည်သွေးအသိအမှတ်ပြုမှုရရှိရေး တို့ကို ဆွေးနွေးစနစ်တကျဆွေးနွေးအဖြေရှာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။  နှီးနှောဖလှယ်ပွဲ ကို (၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ၊ (၄)ရက်နေ့မှ (၆)ရက်နေ့ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အထောက်အပံ့ဖြင့် (၃)ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

 

Visitors

Today 63

Yesterday 187

Week 595

Month 4728

All 137386

Currently are 89 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.