Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

"ပါရဂူဘွဲ့သင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း”

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့၊ အခန်းအမှတ်(၁၀၇)၊ နေ့လယ် (၁၂:၀၀) နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၌ ၂၀၂၅ ခု ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာပါရဂူဘွဲ့သင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။  ၎င်းအခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က Zoom Application ဖြင့် တက်ရောက်ကာ အဖွင့်အမှာစကားပြေကြားခြင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်းက အမှာစကားပြောကြားခြင်း၊ မော်ကွန်းထိန်းက ဘွဲ့လွန်သင်တန်းဆိုင်ရာ စာမေးပွဲနှင့် သင်တန်းစည်မျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခချုပ်က တိုင်းရင်းဆေးပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံ အမှတ်တရလက်ဆောင်ပေးအပ်ပါသည်။ ထို့နောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ (ဥက္ကဋ္ဌ)ကိုယ်စား အဖွဲ့ဝင်တစ်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ (ဥက္ကဋ္ဌ)၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) (ဒု-ဥက္ကဋ္ဌ-၂)၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များအသင်း (ဥက္ကဋ္ဌ)တို့က ပါမောက္ခချုပ်ထံ ဖွင့်ပွဲအမှတ်တရ ပန်းခြင်းများပေးအပ်ခြင်း၊ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးကြပါသည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခ/ဌာနမှူးများ၊ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ (မန္တလေး)၊ တိုင်းရင်းဆေးဝါးစက်ရုံမှူး၊ ဆရာ၊ ဆရာမများ၊ ဘွဲ့လွန်သင်တန်းသားများတက်ရောက်ကြခဲ့ ကြောင်းသတင်းရရှိပါသည်။

 

Visitors

Today 62

Yesterday 187

Week 594

Month 4727

All 137385

Currently are 70 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.