Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ@UTM

ပိတ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား

27-2-2020 Tuesday 15:30 AM

သုတေသနစာတမ်းများကို MHRR Research registry ပြုလုပ်ကြဖို့ ညွှန်ကြားရေးမှုး Dr. မိုးကျော်မြင့်က ရှင်းလင်းတင်ပြပါသည်

@10th TMCongress
@UTM
@12:50 PM

အရည်အသွေးမြှင့်ဖို့အတွက် ဒီလိုသုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ရတာဖြစ်ပါတယ်
===================================================

ဒေါက်တာမိုးဆွေ (တိုင်းရင်းဆေးပညာဦးစီးဌာန - ညွှန်ကြားရေးမှူးချုပ်)
အခုနောက်ပိုင်းမှာ တိုင်းရင်းဆေးကဏ္ဍကို ပြည်သူတွေကလည်း ပိုအားကိုး လာတယ်၊ တိုင်းရင်းဆေးဘက်ကလည်း စနစ်ပိုကျလာတယ်။ စနစ်ကျလာတယ် ဆိုတာကလည်း ဒါတိုင်းရင်းဆေးပညာဦးစီးဌာနတစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းရင်းဆေးကို လုပ်နေတဲ့ တိုင်းရင်းဆေးလောကကြီးတစ်ခုလုံးကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတဲ့ အဖွဲ့စုံပူးပေါင်းလုပ်ဆောင်နေလို့ဖြစ်ပါတယ်။ ပြည်သူတွေအပါအဝင်ပေါ့။ တိုးတက်နေပေမယ့်လည်း ထပ်ပြီးတော့ အရည် အသွေးမြှင့်ဖို့အတွက် သုတေသနတွေလိုတယ်။ ဒါကြောင့် ဒီလိုသုတေသနစာတမ်း ဖတ်ပွဲတွေ လုပ်ရတာဖြစ်ပါတယ်။ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ နံပါတ်(၁) လူ၊ ဆေးဆရာပေါ့။ တိုင်းရင်းဆေးဆရာတွေရဲ့ ပညာတွေ တိုးတက်ဖို့ လိုတယ်၊ ကျင့်ဝတ်တွေပိုကောင်းအောင်လုပ်ဖို့လိုတယ်။ နံပါတ်(၂) ဆေး၊ သူသုံးတဲ့ ဆေးအရည်အသွေးကောင်းဖို့လိုတယ်။ ကုန်ကြမ်းကအစ ပြည်တွင်းကပဲဝယ်ဝယ်၊ ပြည်ပကပဲဝယ်ဝယ် ဆေးတွေကိုရွေးပြီးတော့ ကုန်ကြမ်းကောင်းအောင်လုပ်ရင် ကုန်ချောလည်း စနစ်တကျရှိမယ်။ နံပါတ်(၃)က ကုထုံး၊ ဆေးဆရာရှိတယ်၊ ဆေးရှိတယ်ဆိုရင် သူ့ရဲ့ကုထုံးတွေက ခေတ်မီအောင်လုပ်ရတာပေါ့။ ဒါအတွက် သုတေသနလိုပါတယ်။

ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း (ခေတ္တပါမောက္ခချုပ် - တိုင်းရင်းဆေး တက္ကသိုလ်၊ မန္တလေး)

သုတေသနစာတမ်းဖတ်ပွဲက (၁၀)ကြိမ်မြောက်အထိ ရောက်လာပြီ။ အဲဒီ တော့ ပထမဦးဆုံး ပထမ၊ ဒုတိယ၊ တတိယအကြိမ်တွေ လုပ်တုန်းကထက်စာရင် ခုစာတမ်းတွေရဲ့ အရည်အသွေးတွေက တအားကို တက်လာတယ်။ သိသိသာသာ ကို ပြောင်းလဲလာတယ်။ ပိုပြီးတော့ သိပ္ပံနည်းကျလာတယ်။ သုတေသန Format တွေ ပိုပြီးကျလာတယ်။ အနောက်တိုင်းဆေးမှာက သုတေသနလုပ်ပြီးတာတွေ တော်တော်များတယ်။ တိုင်းရင်းဆေးမှာက အခုမှစတာ၊ သုတေသနလုပ်ဖို့ လိုသေးတာတွေ အများကြီးကျန်သေးတယ်။ ဟိုအရင်ကဆိုရင် သုတေသနလုပ်ဖို့ ငွေရေးကြေးရေးက တော်တော်စဉ်းစားရတယ်။ ခုကျတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တစ်နှစ်ထက်တစ်နှစ် သုတေ သန ရန်ပုံငွေတွေ ပိုပိုပြီးတိုးချပေးတယ်။ ငွေရေးကြေးရေး အရင်လိုစိတ်ပူစရာ မလိုတော့ ပိုပြီး အားစိုက်နိုင်တော့ သုတေသနရလဒ်ကောင်းတွေ ထွက်ပေါ်လာ တာပေါ့။

ဦးဝင်းမြင့် (သုတေသနဖွံ့ဖြိုးရေးဦးစီးဌာန - ညွှန်ကြားရေးမှူး၊ အငြိမ်းစား/ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်)

တကယ်တမ်းသုတေသနသဘောအရကြည့်ရင် တိုင်းရင်းဆေးသုတေသန ဧရိယာကြီးက တော်တော်ကျယ်ဝန်းတယ်။ ဒီလို ကျယ်ဝန်းတဲ့အခါကျတော့ ဒီလိုသုတေသနတွေ လုပ်ရင်းလုပ်ရင်း တကယ့်အမှန်တရား အထောက်အထား ခိုင်လုံတဲ့အရာတွေ လူတွေဆီကို ပြန်မျှဝေရတယ်။ သုတေသီအငယ်လေးတွေကို လည်း အားပေးရင်း သုတေသီအကြီးတွေကလည်း ဗဟုသုတတွေမျှဝေရင်း စာတမ်းဖတ်ပွဲတွေက တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အထောက်အကူပြုတယ်လို့ ကျွန်တော်ကတော့ အဲဒီလိုနားလည်တယ်။ ကျွန်တော် တို့နိုင်ငံရဲ့ တိုင်းရင်းဆေးက ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာ ဖွံ့ဖြိုးလာနေတာကို တွေ့ရတယ်။ အထူးသဖြင့် တိုင်းရင်းဆေးဝါးတွေကိုကြည့်ရင် ပြည်သူလူထု လက်ခံတာရော၊ တချို့ နိုင်ငံခြားတောင်ပို့နေရတာရောကြည့်ရင် တော်တော်လေး ဖွံ့ဖြိုးလာတယ်လို့ ပြောလို့ရတယ်။

ဒေါ်ဝင့်သိင်္ဂီ (လက်ထောက်ကထိက၊ ကျောရိုးအဆစ်ပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်)

အခု တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပလာတာ (၁၀)ကြိမ် မြောက်ရှိပြီ။ နှစ်စဉ် တိုင်းဒေသကြီးနဲ့ ပြည်နယ်အကုန်လုံးမှာရှိတဲ့ စာတမ်းတွေ ဖတ်တာကိုတွေ့ရတယ်။ တချို့ကျတော့ ဆေးပင်တွေကနေ အာနိသင်တွေ စမ်းတာရှိတယ်။ တချို့ကျတော့ တိုင်းရင်းဆေးပညာကုထုံးအနေနဲ့ ဆောင်ရွက်တာတွေရှိတယ်။ တိုင်းရင်းဆေးကကျတော့ လူတွေလည်း အများဆုံး အသုံးပြုတယ်။ ဒါပေမယ့် အားနည်းနေတာ ဘာလဲဆိုတော့ သုတေသနခိုင်ခိုင် မာမာပြနိုင်ဖို့အားနည်းနေတယ်။ အဲဒါတွေ ခိုင်ခိုင်မာမာပြနိုင်မှ ပြည်သူလူထု ထဲမှာ ပိုပြီးတော့မှချပြနိုင်မယ်။ ပြီးရင် တိုင်းရင်းဆေးပညာကို ယုံကြည်ပြီး အားကိုးလာမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီသုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ရင် အောင်မြင်မယ်လို့ ယူဆပါတယ်။

ဒေါ်သန်းသန်းဆွေ (ဒု-ဆေးရုံအုပ်-၁၆ ခုတင်ဆံ့ဆေးရုံ ကြို့ပင်ကောက်)
ခုတိုင်းရင်းဆေးနဲ့ပတ်သက်လို့ သုတေသနစာတမ်းဖတ်ပွဲလုပ်တာ အင်မတန်မှ ကောင်းမွန်ပါတယ်။ အဲဒီလိုပဲ စာတမ်းဖတ်ပွဲတွေ နှစ်စဉ်ကျင်းပ ပေးစေလိုပါတယ်။ ဆေးဝါးတွေကိုလည်း သုတေသနလုပ်ပြီးတော့ ကုသလို့ရှိရင် ပိုပြီး ထိရောက်အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။ ခုစာတမ်းဖတ်ပွဲမှာလည်း သုတေသနစာတမ်းတွေ ကောင်းပါတယ်။ အရင်ကတည်းက သုံးနေတာတွေ ဆိုပေမယ့်လည်း ခုလိုသုတေသနလုပ်ပြီး ထုတ်ပြတော့ လက်ရှိသုံးစွဲနေတာတွေ ကိုလည်း ပိုပြီးခိုင်ခိုင်မာမာနဲ့ သုံးစွဲရဲသွားပါမယ်။

ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)
ဒီစာတမ်းဖတ်ပွဲက (၁၀)ကြိမ်မြောက်ဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်က နေပြောရရင် ၁၁ နှစ်ရှိပြီ။ ၁၁ နှစ်မှာ ကြားဖြတ် ၁ နှစ်မလုပ်ဖြစ်လိုက်ဘူး။ (၁၀)ကြိမ်အထိရောက်လာတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဘယ်လုပ်ငန်းမဆို သုတေသနမခိုင်မြဲရင် လုပ်ငန်းဟာ တစ်ဟုန်ထိုး တိုးတက်ဖို့၊ တည်တံ့ဖို့မလွယ် ပါဘူး။ ခုကျွန်တော်တို့ မြန်မာ့တိုင်းရင်းဆေးလုပ်ငန်းက သုတေသနလုပ်ငန်းတွေ ကို သေသေချာချာလုပ်လာတာ အခု သုတေသနစာတမ်းဖတ်ပွဲ (၁၀)ကြိမ်မြောက် တောင် ရောက်လာပါပြီ။ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်။ သုတေသနစာတမ်း ဖတ်ပွဲကြီးတွေ ဖြစ်မြောက်ဖို့အတွက် ကျွန်တော်တို့ တိုင်းရင်းဆေးဝါးထုတ်လုပ် သူများက (၁၀)ကြိမ်စလုံး အားတက်သရော ပါဝင်ကူညီနိုင်ခဲ့တာ ဂုဏ်ယူလို့ မဆုံးပါဘူး။ ဒီသုတေသနစာတမ်းဖတ်ပွဲကို (၁၀)နှစ်ဆက်တိုက်အောင်မြင်အောင် လုပ်ဖို့တော်တော်ခက်ခဲပါတယ်။ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲက တိုင်းရင်းဆေးဆရာတွေ၊ လုပ်ငန်းရှင်တွေအတွက် အခြေခံကျတဲ့ သုတေသန စာတမ်းတွေရရှိသလို ပြည်သူလူထုကလည်း တိုင်းရင်းဆေးအပေါ် ယုံကြည်သည်ထက်ယုံကြည်လာတယ်၊ အားကိုးသည်ထက်အားကိုးလာတယ်။ အဲဒီလိုအကျိုးအမြတ်မျိုးကို တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကနေ ရရှိပါတယ်။

ဒေါ်ညို (ရန်ကုန်အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး)

သုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ရတာကိုက မြန်မာ့တိုင်းရင်းဆေး ပညာရပ်ကို မိရိုးဖလာနည်းကနေ ပိုပြီး အဆင့်မြင့်တဲ့ သိပ္ပံနည်းကျ လက်တွေ့ နည်းကျစေဖို့အတွက် ရည်ရွယ်တာပါ။ ဒီလိုသုတေသနတွေ ပြုလုပ်ခြင်းအားဖြင့် ကုထုံးအသစ်၊ ဆေးဝါးအသစ်တွေ ပေါ်ထွက်လာတယ်၊ ပြည်သူတွေကလည်း ဒီဆေးဝါးအသစ်၊ ကုထုံးအသစ်တွေပေါ်ကို ပိုပြီး ယုံကြည်မှုရှိလာစေတယ်၊ အားကိုးလာစေနိုင်ပါတယ်။

ဦးဇော်နိုင် (ချမ်းသာသုခတိုင်းရင်းဆေးခန်း၊ စစ်ကိုင်း)

ကျွန်တော်တို့ဆီမှာ တိုင်းရင်းဆေး နယကြီးလေးပါးရှိတယ်။ အဲဒီလေးပါးကို ကျွန်တော်တို့က ဖွံ့ဖြိုးအောင်လုပ်နေတယ်။ ဒါပေမယ့် နိုင်ငံတကာ အဆင့်အတန်းဝင်ဖို့ ကျွန်တော်တို့ဆီမှာ လိုနေတာက နိုင်ငံတကာစံချိန်းစံညွှန်းနဲ့ သွားနိုင်တဲ့ တိုင်းရင်းဆေးဝါးအဘိဓာန်လိုအပ်နေတယ်။ နယကြီးတစ်ပါးစီရဲ့ အဘိဓာန်ကို အင်္ဂလိပ်-မြန်မာ-ပါဠိ အဲလိုသုံးဘာသာလောက်နဲ့လုပ်နိုင်တဲ့ အဘိဓာန်ဖြစ်လာဖို့လိုတယ်။ ပြီးတော့ ကျွန်တော်တို့တိုင်းရင်းဆေးကို အခြေခံတဲ့ စာတမ်းတွေ ခဏခဏထွက်ပေါ်လာနိုင်ရင် တိုင်းရင်းဆေးလောက ဖွံ့ဖြိုး တိုးတက်မယ်လို့ ယေဘုယျအားဖြင့် ကျွန်တော်ယူဆပါတယ်။

Crd:
လင်းထက်

  1. (၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ညစာစားပွဲ အဖွင့်
  2. တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ပိုစတာများ ကြည့်ရှု အားပေးခြင်း နှင့် ညွှန်ကြားရေးမှူးချုပ် Dr. မိုးဆွေ နှင့် MRTV interview
  3. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကျင်းပ
  4. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပပြုလုပ်မည့် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ခြင်း
  5. ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနား
  6. Agenda of TM research Congress
  7. The 10th Traditional Medicine Research Congress ဒသမအကြိမ်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
  8. မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
  9. တိုင်းရင်းဆေး​တက္ကသိုလ် ၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခန်းအနား အစမ်းလေ့ကျင့်ခြင်း
  10. ဌာနမှူး/ဌာနတာဝန်ခံ အစည်းအဝေး နှင့် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပရေး အစည်းအဝေး
  11. (၁၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင် ကျင်းပရေး အစည်းအဝေး
  12. တိုင်းရင်းဆေးတက္ကသိုလ်တွင် တိုင်းရင်းဆေးမိသားစု၏ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ
  13. မောင်မယ်သစ်လွင် ကြိုဆိုပွဲ နှင့် ကျောင်းသားပွဲတော်(၂၀၂၀)
  14. ဌာနမှူး ဌာနတာဝန်ခံများ အစည်းအဝေး
  15. Prof. Wang-Keun Too and party from Korea visited UTM
  16. Exam Board for Supple Exam(2020)
  17. မဟာ ပထမနှစ် နှင့် ပေါင်းကူး ပထမနှစ် ကျောင်းသား/သူများအား ကြိုဆိုနှုတ်ဆက်ပွဲ
  18. တက္ကသိုလ် ၁၈နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ
  19. Strategic planning (2020) for UTM
  20. Closing ceremony of Outcome-Based Curriculum Development Workshop

 

Visitors

Today 31

Yesterday 187

Week 563

Month 4696

All 137354

Currently are 8 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.