Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်၊ စနေနေ့

မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ဖေဖော်ဝါရီလ (၂၂)ရက် နံနက် ၉ နာရီအချိန်က တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းကို မြွက်ကြားပြီး တိုင်းရင်းဆေးတက္ကသိုလ်၏ ပညာရေးအဖွဲ့ဝင်များက ဆုံးဖြတ်ထားသော မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ (MMTM) ရရှိသူ (၁၈)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ပုံမှန်သင်တန်း ရရှိသူ (၅၀)ဦး၊မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ပေါင်းကူးသင်တန်း ရရှိသူ (၁၅)ဦးတို့အား တိုင်းရင်းဆေးတက္ကသိုလ် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့်အတူ ခေတ္တ ပါမောက္ခချုပ်က ယင်းဘွဲ့အသီးသီးတို့ကို ပေးအပ်နှင်းခဲ့သည်။

ဤအခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်များ၊ ဆေးဘက်နှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် မော်ကွန်းထိန်းများ၊ Professor Emeritus များ၊ ဘွဲ့ရမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ပြီး မွန်းလွဲ (၁)နာရီတွင် တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေနှင့် တိုင်းရင်းဆေးကောင်စီဝင်များက မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်သင်တန်း) (BMTM) ရရှိသူ (၅၀)ဦးအား တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ် (တဆ)များအား ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဤအခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ပုံမှန်သင်တန်း ဘွဲ့ရမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကာလအထိ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ ရရှိသူ (၇၇)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ ရရှိသူ (၁၆၄၈)ဦးတို့ကို မွေးထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 

Visitors

Today 106

Yesterday 187

Week 638

Month 4771

All 137429

Currently are 6 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.