(၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ
ညစာစားပွဲ အဖွင့်
26-2-2020 Wednesday 18:30 PM
- Hits: 1918
(၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ
ညစာစားပွဲ အဖွင့်
26-2-2020 Wednesday 18:30 PM
တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ပိုစတာများ ကြည့်ရှု အားပေးခြင်း နှင့် ညွှန်ကြားရေးမှူးချုပ် Dr. မိုးဆွေ နှင့် MRTV interview...
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကျင်းပ
------------------------------------
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ရက်
------------------------------------
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့နံနက် ၉း၁၅ နာရီတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နှင့် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးကောင်စီပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊
တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းဆေးညာရှင် ကိုယ်စားလှယ်များ၊
ဘာသာရပ်ဆိုင်ရာ နှီးနွယ်ပညာရှင်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က အဖွင့်အမှာစကားပြောကြားပြီး
ပြသထားသော ပိုစတာများကို ကြည်ရှုအားပေးပါသည်။ ။
တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းစုစုပေါင်း(၂၁)စောင်နှင့် ပိုစတာ(၅) စောင်တို့ကို တင်သွင်း ဖတ်ကြားမည်ဖြစ် ပြီး ၂၇-၂-၂၀၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ရက်
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပပြုလုပ်မည့် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ခြင်း
-----------------------------------------------------------------
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းစုစုပေါင်း(၂၁)စောင်နှင့် ပိုစတာ(၅) စောင်တို့ကို တင်သွင်း ဖတ်ကြားမည်ဖြစ်ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲနှင့် ပတ်သက်သော အကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Paperless website Link ဖြစ်သော https://event-mohs.gov.mm/?p=2957တွင် ထည့်သွင်းဖော်ပြထားမည် ဖြစ်ပါသဖြင့် စာတမ်းဖတ်ပွဲသို့ မတက်ရောက်နိုင်သည့် ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါ QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ကြောင်း သတင်းပေးဖော်ပြအပ်ပါသည်။

MoHS Paperless Workshop System Link:
https://event-mohs.gov.mm/?p=2957


၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနား
၂၄-၂-၂၀၂၀ တနင်္လာနေ့ ညနေ ၃နာရီ
| Recents & Upcomings |
| Recent News |
| Visitors |
Today 31
Yesterday 187
Week 563
Month 4696
All 137354
Currently are 8 guests and no members online
2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.