Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
=============================
၂၀၂၀-ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ သောကြာနေ့

အမျိုးသား မူဝါဒ ကော်မရှင် ပါမောက္ခချုပ်များကော်မတီ၏ ပညာရေး ဘာသာရပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ စောပြုံးနိုင်၊ ပါမောက္ခချုပ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်က ဦးစီး၍ “Professional Development for Educators” ခေါင်းစဥ်ဖြင့် Zoom Application ဖြင့် သင်တန်းပို့ချခြင်းကို ဩဂုတ်လ(၂၆)ရက်၊ ဒုတိယနေ့အဖြစ် မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ အခန်းအမှတ်(၂၀၂)တွင် ဆက်လက်၍ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ တဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်(၁၆၆)ခုမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများ၊ ကထိကများ၊ နည်းပြများ၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူး၊ ကထိက၊ နည်းပြ ဆရာ၊ ဆရာမများအားလုံး တက်ရောက်ကြသည်။

အဆိုပါသင်တန်းတွင် သဘာပတိအဖြစ် ဒေါက်တာစောပြုံးနိုင်က ဆောင်ရွက်ပြီး အဖွင့်အမှာစကာအား ပါမောက္ခချုပ်များ ကော်မတီဥက္ကဌ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခ ‌ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။ ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid19 အတွက် သတ်မှတ်ချက်နှင့်အညီ Zoom Application ဖြင့် သင်တန်းအား ပို့ချပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးကြမည်ဖြစ်သည်။

Zoom Application ဖြင့် သင်တန်းပို့ချခြင်းအား ၂၅-၈-၂၀၂၀ ရက်နေ့မှ ၁၁-၉-၂၀၂၀ ရက်နေ့အထိ အပတ်စဥ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် နေ့လည် ၁ နာရီမှ ၃ နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

Visitors

Today 67

Yesterday 246

Week 845

Month 4978

All 137636

Currently are 6 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.