Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Presentation အခမ်းအနား တက်ရောက်

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Presentation အခမ်းအနား တက်ရောက်
==================================

၂၀၂၀ ခုနှစ်၊ ဩဂုတ် (၂၆)ရက်၊ ဗုဒ္ဓဟူးနေ့။
---------------------------------------------------------

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၌ ယနေ့ (၂၆-၈-၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၂:၀၀ နာရီတွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော ဒေါက်တာအောင်ထွန်းသက် ၏ "Change Thinking about Change" ခေါင်းစဥ်ဖြင့် ဟောပြောကာ ဆွေးနွေးသည့်ပုဂ္ဂိုလ်များအဖြစ် ဒေါက်တာ စောပြုံးနိုင်၊ ဒေါက်တာစီစီလှဘူး၊ ဒေါက်တာကြည်သွင်၊ ဒေါက်တာထွန်းအောင်၊ ဒေါက်တာဇော်ထွန်း တို့က ဆောင်ရွက်ကြသည့် Online Zoom Presentation အခမ်းအနားကို အခန်းအမှတ် (၂၀၂)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ် စုစုပေါင်း (၁၆၆) ခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ တွဲဘက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိက၊ နည်းပြ/သရုပ်ပြ ဆရာ ဆရာမများနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ဌာနအသီးသီးတွင်ရှိသော ပါမောက္ခဌာနမှူးများ၊ ဌာနတာဝန်ခံများအပါအဝင် ဆရာ၊ဆရာမများအားလုံး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်ကြသော တက္ကသိုလ်အသီးသီးမှ ဆရာဆရာမများက မေးမြန်း ဆွေးနွေးကြကာ အခမ်းအနားကို ညနေ ၄:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

Visitors

Today 45

Yesterday 246

Week 823

Month 4956

All 137614

Currently are 5 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.