Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်တွင် နံရံကပ်စာစောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများ ကျင်းပ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်၊ သောကြာနေ့။

တိုင်းရင်းဆေးတက္ကသိုလ်တွင် နံရံကပ်စာစောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများ ကျင်းပ
======================================

တိုင်းရင်းဆေးတက္ကသိုလ်၊ စာပေနှင့်အနုပညာအသင်းက ဦးဆောင်၍ သင်းပျံ့မွှေးကြည် စာနုပန်းချီ အမည်ဖြင့် နံရံကပ်စာဆောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများကို စက်တင်ဘာလ (၂၀)ရက်၊ မွန်းတည့် (၁၂းဝ၀)နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ရှိ အခန်း(၂၁၅)နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့၌ ကျင်းပရာ တိုင်းရင်းဆေးတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းနှင့် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ စာပေနှင့်အနုပညာအသင်း ဥက္ကဋ္ဌ ဒေါ်ထိပ်တင်မြတ် (မြန်မာစာဌာနမှူး) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် စာရေးဆရာဂျိုဇော် (ဒေါက်တာစိုးဝင်း)၊ စာရေးဆရာ ဒေါက်တာမောင်မောင်လေး(မန္တလေးတက္ကသိုလ်)၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ်(စီမံ)၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများ၊ မော်ကွန်းထိန်း၊ ကျောင်းသား သမ္မဂ္ဂနှင့် အတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့သည်။

ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က အမှာစကား ပြောကြားခဲ့ကာ စာရေးဆရာ (၂)ဦးမှ စာပေအကြောင်းများ ဟောပြောခဲ့ကြသည်။ စာပေဟောပြောပွဲအပြီးတွင် စကားရည်လုပွဲကို ဆက်လက် ကျင်းပခဲ့သည်။

ဆက်လက်ပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ကာ ခေတ္တပါမောက္ခချုပ်က အမှာစကားပြောကြားပြီး ဆုပေးပွဲတွင် အကောင်းဆုံးဝတ္ထုရှည် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှင်များ၊ အကောင်းဆုံးဝတ္ထုတို ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှင်များ၊ အကောင်းဆုံး ဆောင်းပါး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှင်များ၊ အကောင်းဆုံး ကဗျာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှင်များ၊ အကောင်းဆုံး ကာတွန်းဆုရှင်များ၊ ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများနှင့် စကားရည်လုပွဲတွင် ပထမ၊ ဒုတိယဆု ရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ညနေ (၅း၁၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

Visitors

Today 89

Yesterday 134

Week 549

Month 3545

All 136203

Currently are 2 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.