Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Library Solution, Data Center and Infrastructure for Higher Education (Online Event) ကျင်းပ

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Library Solution, Data Center and Infrastructure for Higher Education (Online Event) ကျင်းပ
=========================================
Digital စာကြည့်တိုက် စီမံခန့်ခွဲမှု နည်းစနစ်နှင့် သက်ဆိုင်သော နည်းပညာများကို ကျွမ်းကျင်ပညာရှင်များက Online စနစ်ဖြင့် ဟောပြော ပို့ချဆွေးနွေးခြင်းကို ဩဂုတ်လ(၂၄)ရက်၊ နံနက် (၉း၃၀)နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ အခန်းအမှတ်(၂၀၂)တွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများ စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက်ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဦးအောင်မြင့် ညွှန်ကြားရေးမှူးချုပ်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် Library and Archives Solutions PTE Ltd. (LAAS) ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr Lee Kee Siang၊ အထွေထွေမန်နေဂျာ Mr Sean Chong တို့က Knowledge Sharing on Library Solutions and Innovations ခေါင်းစဥ်ကို ဟောပြောခြင်း၊ Bibliotheca မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr Jason Tan က Creating Better Library Experiences for Patron and Staff ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ ဒေါ်မြဦး - ညွှန်ကြားရေးမှူး၊ အမျိုးသားစာကြည့်တိုက်၊ နေပြည်တော်က Union Catalog of Myanmar က Union Catalog of Myanmar ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ Myanmar Software Integrated Solutions ကုမ္ပဏီ လိမိတက်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ‌ဒေါက်တာမိမိငယ်က Integrated Library Solution Architecture ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ ATG System ကုမ္ပဏီ လိမိတက်မှ နည်းပညာအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသန္တာဖြူက Infrastructure for Library Solution ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ Sales and Business Development မှာ ဌာနမှူး ဦးအုပ်စိုးကျော်ဝင်းက Data Center for Library Solution ခေါင်းစဥ်များဖြင့် ဟောပြောကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကြကြောင်းသိရသည်။

 

Visitors

Today 123

Yesterday 164

Week 1062

Month 287

All 126098

Currently are 10 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.