၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်၊ ကြာသပတေးနေ့။
တိုင်းရင်းဆေးတက္ကသိုလ်တွင် ဒါဘာ အစည်းအဝေးကျင်းပ
=====================================
တိုင်းရင်းဆေးတက္ကသိုလ် Theatre 2 ၌ လစဉ်ပြုလုပ်မြဲဖြစ်သော တိုင်းရင်းဆေးတက္ကသိုလ်၏ ဒါဘာအစည်းအဝေးကို ယနေ့ ၃၁-၁၀၂၀၁၉၊ ညနေ ၃း၀၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ မော်ကွန်းထိန်း ဦးထွန်းမောင်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအားလုံး တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခေတ္တ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယပါမောက္ခချုပ်(စီမံ)ဦးထွန်းမြင့်က စတင်ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ၎င်းတို့၏ လိုအပ်ချက်များ၊ တက္ကသိုလ်၏ ပြုပြင်စရာများ၊ စည်းကမ်းထိန်းသိမ်းရေးများ၊ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို အပြန်အလှန် ဆွေးနွေးကြပြီး တင်ပြလာသည့် ကိစ္စ များအား ဖြေရှင်းပေးကာ အစည်းအဝေးကို ညနေ (၁၆:၃၈) နာရီတွင် ရုပ်သိမ်းခဲ့သည်။