၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် (၄၈)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု မဟာဘုံကထိန် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကို မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ်၊ နောင်ဝယ်ကျေးရွာ၊ တိကိစ္ဆာလယဓမ္မဝိဟာရ ကျောင်းတိုက်၊ ဦးစီးဓာန နာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာရ အမှူးရှိသော ဂေါစရကံဆောင်ပင့်သံဃာ (၁၅)ပါးတို့အား ကထိန်ဉာတ်သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့နှင့်အတူ ကျပ်သိန်းပေါင်း (၁၂၇)သိန်းကို တိုင်းရင်းဆေးမိသားစုများက ရေစက်သွန်ချ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။














