တိုင်းရင်းဆေးတက္ကသိုလ် တွင် Outcome-based Curriculum Development Workshop ကျင်းပ

Print

တိုင်းရင်းဆေးတက္ကသိုလ် တွင် Outcome-based Curriculum Development Workshop ကျင်းပ
====================
Outcomes Based Curriculum Development Workshop ကို ၁၈-၁၂-၂၀၁၉ ယနေ့နံနက် (၉:၀၀)နာရီ၌ တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားကို နံနက် ၉နာရီတွင် ကျင်းပရာ ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးမြို့ပေါ်ရှိ ဆေးဘက်နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား ပါမောက္ခချုပ်များ၊ တိုင်းရင်း​ဆေးပညာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အငြိမ်းစား၊ Professors Emeritus များ၊ အငြိမ်းစား ပါမောက္ခ ဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဉီးစီးမှူး၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးကောင်စီဝင်များ၊ မန္တလေးသင်ကြားရေး တိုင်းရင်းဆေးရုံအုပ်၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး စက်ရုံမှူး၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခ ဌာနမှူးများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲကို ၂၀-၁၂-၂၀၁၉ အထိ (၃)ရက် တိုင်တိုင်ကျင်းပမည် ဖြစ်ရာ မန္တလေးမြို့ပေါ်ရှိ ဆေးဘက်နှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက သဘာပတိများအဖြစ် ဆောင်ရွက်ပြီး speaker များအဖြစ် ဆေးတက္ကသိုလ် မန္တလေးနှင့် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး မှ Medical Education ဘွဲ့ရ ဆရာ၊ ဆရာမများက ဆောင်ရွက်ကြမည်ဖြစ်သည်ဟု သတင်းရရှိသည်။

OutcomebaseWorkshop-1.jpg OutcomebaseWorkshop-2.jpg OutcomebaseWorkshop-3.jpg

OutcomebaseWorkshop-4.jpg