တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၂၀၂၂ ခုနှစ် အောင်) ဝင်ခွင့်ရရှိသူစာရင်း

Print

တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၂၀၂၂ ခုနှစ် အောင်) ဝင်ခွင့်ရရှိသူစာရင်းကို ပူးတွဲပါအတိုင်း ကြေညာအပ်ပါသည်။  

ပထမနှစ်သင်တန်းကို (၁၀-၁၁-၂၀၂၂) ရက်နေ့မှ (၉-၁၂-၂၀၂၂) ရက်နေ့ထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး -

အောက်ဖော်ပြပါ အထောက်အထားများနှင့်အတူ ကျောင်းသားရေးရာဌာနသို့ သတင်းပို့ဆက်သွယ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

            (၁)       တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်းနှင့် မိတ္တူ)

            (၂)        ကျောင်းသား/ကျောင်းသူနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ် (မူရင်းနှင့် မိတ္တူ)

            (၃)       တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအမှတ်စာရင်း (မူရင်းနှင့် မိတ္တူ)

            (၄)       လိုင်စင်ဓာတ်ပုံ (1.1”x1.3”)အရွယ်၊ နောက်ခံအပြာရောင် ( ၅ ) ပုံ

                        ကျောင်းသား  - စတစ်ကော်လံ(သို့) ကော်လံပါရှပ်အင်္ကျီ (ပြောင်)

                        ကျောင်းသူ     - ရင်ဖုံး (သို့) ရင်စေ့အင်္ကျီ (ပြောင်)

            (၅)       ကတိခံဝန်ချုပ်(၃)စောင်ကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ချုပ်ဆိုပြီး ယူဆောင်လာရန်

 မှတ်ချက်။ (၁) (၂၁-၁၁-၂၀၂၂) ရက်နေ့မှ စတင်၍ သင်ခန်းစာများ သင်ကြားခြင်းနှင့်   ကျောင်းခေါ်ချိန်စာရင်းကောက်ယူခြင်းများကိုတစ်ပါတည်း စတင်ပြုလုပ်မည်ဖြစ်ပါသည်                                                           

                (၂)   (၉-၁၂-၂၀၂၂)ရက်(သောကြာ)နေ့အထိ သတင်းပေးပို့ကျောင်းအပ်နှံခြင်း   မရှိသူများ အား ဝင်ခွင့်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ပါသည်။

#HMK

1_22Entrance.jpg 2_22Entrance.jpg 3_22Entrance.jpg

4_22Entrance.jpg 5_22Entrance.jpg 6_22Entrance.jpg